ငါးဖမ်းဂိမ်းတွေထဲမှာ အခုမှစဆော့သူတွေအတွက် လွယ်ကူပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းတစ်ခုရှာနေတယ်ဆိုရင် KA Gaming ရဲ့ Legend of Monkey Fishing Game က သင့်အတွက် အကောင်းဆုံး ငါးဖမ်းဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒဏ္ဍာရီလာ စွန်းဝူခုန်း(မျောက်မင်း)ကိုအခြေခံပြီး တောက်ပတဲ့အသွင်အပြင်တွေ၊ နည်းဗျူဟာမြောက် ပစ်ခတ်လှုပ်ရှားမှုတွေနဲ့ ဆုငွေအမြောက်အမြားပေးမယ့်ဘောနပ်စ်တွေ အပြည့်ပါတဲ့ ဒီဂိမ်းက စိတ်လှုပ်ရှားစရာကောင်းတာရယ်၊ ရိုးရာပုံပြင်ဆန်တာရယ်ကို တမူထူးခြားစွာ ပေါင်းစပ်ပေးထားတာပဲဖြစ်ပါတယ်။ စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ ရေအောက်စွန့်စားခန်းတွေလိုက်ရှာဖို့ပဲဖြစ်ဖြစ်၊ ယုံကြည်မှုအပြည့်နဲ့စတင်ဖို့ သိထားသင့်တာတွေအကုန်လုံးကို ဒီမှာ ပြောပြပေးသွားပါမယ်။

ပင်လယ်အောက်မှာ ပြန်လည်အသက်ဝင်လာတဲ့ ပုံပြင်တစ်ပုဒ် 

KA Gaming ရဲ့ Legend of Monkey – Fishing Game က ကျွန်တော်တို့ငယ်ငယ်က တရုတ်ဒဏ္ဍာရီလာ စွန်းဝူခုန်း (မျောက်မင်း)နဲ့ တိုက်ခိုက်ရမယ့် ရေအောက်တိုက်ပွဲပုံစံကို ဖန်တီးပေးထားတယ်။ ပုံမှန် ငါးဖမ်းဂိမ်းတွေလို မဟုတ်ဘဲ ဒီငါးဖမ်းဂိမ်းမှာ သင်ကအမြောက်သေနတ်ကိုသုံးပြီး မျက်နှာပြင်ပေါ်မှာ လှုပ်ရှားနေတဲ့ဒဏ္ဍာရီလာ မျောက်ဇာတ်ကောင်တွေနဲ့ ရောင်စုံပင်လယ်သတ္တဝါတွေကို ပစ်ပြီးလိုက်ဖမ်းရတဲ့ ငါးဖမ်းဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

မြင်ကွင်းတွေကတောက်ပနေပြီး ပျော်စရာကောင်းတယ်၊ အပြာရင့်ရောင်နဲ့ခရမ်းရောင်ဂိမ်းရဲ့အပြင်အဆင်က ရွှေရောင်ပေါက်ကွဲမှုတွေ၊ လှုပ်ရှားနေတဲ့ ဒင်္ဂါးမိုးတွေ၊ ရိုးရာဝတ်စုံဝတ်ထားတဲ့ မျောက်သူရဲကောင်းပုံစံတွေနဲ့ လိုက်ဖက်နေတယ်။ ဒီဒဏ္ဍာရီဆန်တဲ့အရာတွေက ဂိမ်းကို မှော်ဆန်တဲ့ခံစားချက်ပေးပြီး ငါးဖမ်းဂိမ်းတွေကြားထဲမှာ သူ့ရဲ့ ကိုယ်ပိုင်ပုံစံတစ်ခုကို ဖန်တီးထားတာပေါ့။   

ဘယ်သူတွေအတွက်လဲ၊ ဘယ်လိုဆော့ရမှာလဲ။ 

ဒီဂိမ်းက လူတိုင်းအတွက်၊ အထူးသဖြင့် ငါးဖမ်းဂိမ်း မဆော့ဖူးသေးတဲ့သူတွေအတွက် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ထိန်းချုပ်မှုတွေကလွယ်တယ်၊ ငါးဖမ်းဂိမ်းဆော့ဖူးစရာမလိုဘဲ ပျော်လို့ရတယ်။ သင့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမြောက်သေနတ်ကိုချိန်ပြီး လှုပ်ရှားနေတဲ့ပစ်မှတ်တွေကို ကျည်တွေနဲ့ပစ်ရမှာပဲ ဖြစ်ပါတယ်။ သင်ပစ်လိုက်တဲ့ငါး ဒါမှမဟုတ် မျောက်တိုင်းက ဆကြေးအလိုက် ဆုငွေတွေ ပေးမှာဖြစ်တယ်။

ကစားသမားတွေက သူတို့ရဲ့ရည်ရွယ်ချက်နဲ့ နည်းဗျူဟာပေါ်မူတည်ပြီး ကျည်အမျိုးအစားအမျိုးမျိုးကို ပြောင်းသုံးလို့ရပါသေးတယ်-

Standard Bullets (ရိုးရိုးကျည်ဆံ): စွန့်စားမှုနည်းနည်းနဲ့ ပုံမှန်လေးဆော့ချင်သူတွေအတွက် အကောင်းဆုံးပါ။ 

Powerful Bullets (အားအပြင်းစားကျည်ဆံတွေ): ပုံမှန်ကျည်လောင်းကြေးထက် ၆ ဆ ပိုကုန်ပေမယ့် ရှားပါးသတ္တဝါတွေကို ဖမ်းမိနိုင်ခြေကို သိသိသာသာ မြှင့်တင်ပေးတယ်။ 

Auto-Fire (အလိုအလျောက်ပစ်တဲ့ကျည်ဆံ): ကြာကြာဆော့တဲ့အခါ လက်ညောင်းသက်သာအောင် သုံးလို့ရတယ်။ 

Lock-On Mode (ပစ်မှတ်အလိုအလျောက်ချိန်ခြင်း): တန်ဖိုးကြီးတဲ့ ပစ်မှတ်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး ပစ်ချင်တဲ့အခါ အကောင်းဆုံးပဲ။ ကျည်ဆံတွေကိုရှောင်တိမ်းတတ်တဲ့ Undying Monkey ပေါ်လာရင်တော့ ဒါက အလုပ်ဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။ 

ကျွမ်းကျင်မှုဆိုတာ ဘယ်ကျည်အမျိုးအစားကို ဘယ်အချိန်သုံးမလဲ၊ ရန်သူရဲ့လှုပ်ရှားမှုကို ဘယ်လိုခန့်မှန်းမလဲ ၊ bonus round တွေကို ဘယ်လိုအကျိုးရှိအောင်လုပ်မလဲဆိုတာတွေပေါ်မှာ မူတည်ပါတယ်။

ရေအောက်က ဇာတ်ကောင်တွေနဲ့ ဘာတွေ ဖမ်းရမှာလဲဆိုတော့   

Legend of Monkey Fishing Game မှာ တွေ့ရမယ့်  ပစ်မှတ်တွေနဲ့ သူတို့ရဲ့ ဆုကြေးတွေကို ကြည့်လိုက်ရအောင်-

  • Alchemy Furnace - ၅၀ ဆ အထိရရှိမယ်။ အချိန်တွေကို ခနရပ်တန့်စေမယ်။
  • Emberye Monkey - ၂၀ ဆ အထိရရှိမယ်။ Bonus Kill တွေအတွက် Chain Reaction ဖြစ်စေမယ်။
  • Stonebreaker Monkey - ၂၀ ဆ အထိရရှိမယ်။ Bonus Kill တွေအတွက် Chain Reaction ဖြစ်စေမယ်။
  • Undying Monkey (Boss) - ၆၀ ဆ ကနေ ၅၀၀ ဆအထိရနိုင်တယ်။ မသေဘူး ပစ်တိုင်းဆုကြေးရမယ်။
  • Fish - အနည်းဆုံး ၂ ဆ ကနေ ၁၀ ဆ အထိရရှိမယ်။ ပုံမှန်ပစ်မှတ်အသေးလေးတွေပဲဖြစ်တယ်။

Undying Monkey ကတော့ အကြီးဆုံးဆုပေါ့။ များပြားတဲ့ ဆုကြေးတွေရမှာဖြစ်ပြီး ကံကောင်းရင် တစ်ကြိမ်ထက် ပိုဖမ်းလို့ရအောင် မကြာခဏရှိနေပေးတတ်ပါတယ်။ Alchemy Furnace လိုဘောနပ်စ်တွေကလည်း ဆုကြေးငွေအများကြီးပေးရုံသာမကဘဲ ရန်သူအားလုံးကို screen ပေါ်မှာ ရပ်တန့်စေတာမျိုးလို ဂိမ်းကစားရာမှာ အထောက်အကူဖြစ်စေတဲ့အစွမ်းတွေ ပေးသေးတယ်။  

စိတ်လှုပ်ရှားမှုကို ဆက်ထိန်းပေးထားမယ့် ထူးခြားတဲ့ Features တွေ 

Legend of Monkey Fishing Game က ပုံမှန်ပစ်ခတ်မှုတင်မဟုတ်ဘဲ အဆင့်ဆင့်တိုးတက်လာတဲ့ bonus features တွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးပေးထားတယ်။ ဒါတွေက ဂိမ်းကို ပိုပြီးနက်နဲစေပြီး မထင်မှတ်ထားတာတွေ ဖြစ်ပေါ်စေတယ်-

Alchemy Furnace: ဖမ်းမိတဲ့အခါ သတ္တဝါအားလုံးကို စက္ကန့်အနည်းငယ်ရပ်တန့်သွားစေလို့ သင်လွတ်လွတ်လပ်လပ် ပစ်ခတ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ screen ပေါ်မှာ ငါးတွေပြည့်နေတဲ့အခါဆို ပိုတောင် အသုံးဝင်သေးတယ်။ 

Chain Reaction Events: Emberye နဲ့ Stonebreaker Monkeys တွေက ပတ်ဝန်းကျင်ကငါးတွေကို ဖယ်ရှားပြီး မထင်မှတ်ထားတဲ့ bonus coins တွေပေးမယ့် ပေါက်ကွဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ 

Undying Monkey’s Return: အမိုက်ဆုံး တစ်ခုပါ။ ဒီမသေတော့တဲ့ boss-level အကောင်ကို အကြိမ်ကြိမ်ပစ်လို့ရတယ်။ ပစ်ချက်တိုင်းမှာ ဆုကြေးရပြီး ပျောက်ကွယ်သွားတဲ့အထိ ဆက်တိုက်ပစ်နေလို့ ရတာနော်။

ဘယ် Device မှာ ဘယ်လိုဆော့ရမလဲ 

KA Gaming ရဲ့ Legend of Monkey – Fishing Game ရဲ့ အကောင်းဆုံးအချက်တွေထဲက တစ်ခုကတော့ သူက ဘယ်လို device နဲ့မဆို ကစားလို့ရတာပဲ။ ခက်ခဲတဲ့ ဒေါင်းလုတ်တွေ၊ အပ်ပလီကေးရှင်းတွေ ဘာမှမလိုဘူး၊ တန်းဝင်ဆော့လို့ရတယ်။

Desktop, Android, iOS နဲ့ browser-based ပလပ်ဖောင်းတွေပေါ်မှာ ကစားလို့ရတယ်။ တကယ့်ပိုက်ဆံမသုံးဘဲ စမ်းဆော့ကြည့်လို့လည်းရတယ်။ လေ့ကျင့်ချင်တယ်ဆိုတဲ့ အတွေ့အကြုံနုတဲ့ ကစားသမားတွေအတွက် အကောင်း ဆုံးပဲ။ သင့်ရဲ့ သက်တောင့်သက်သာရှိမှုပေါ် မူတည်ပြီး လောင်းကြေးပမာဏကို ပြောင်းလို့ရသေးတယ်။ လောင်းကြေးနည်းနည်းနဲ့ စပြီးလေ့လာချင်တဲ့သူတွေအတွက် အဆင်ပြေစေတယ်။ 

KA Gaming က ဒီဂိမ်းကို ကစားသူဆော့ရလွယ်ကူအောင်ရယ်၊ နည်းဗျူဟာမြောက်အောင် ဖန်တီးထားတာကြောင့် ရယ် အဲဒီအချက်တွေကြောင့် ငါးဖမ်းဂိမ်းအသစ်ကို စပြီးဆော့ကြည့်ချင်တဲ့သူတွေအတွက် အကောင်းဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်လာတာလည်းဖြစ်ပါတယ်။ 

ပရိုတစ်ယောက်လို ငါးဖမ်းဖို့ နည်းဗျူဟာတွေ 
အခုမှစဆော့တဲ့ ကစားသမားအသစ်တစ်ယောက်ဖြစ်နေရင်တောင် ဒီအောက်က နည်းဗျူဟာကောင်းလေးတွေကို အသုံးပြုပြီး ရေအောက်မှာ သင့်ရဲ့အချိန်ကို အကျိုးရှိရှိ အသုံးချကြည့်လိုက်ပါ-

ဆုကြေးများတဲ့ အကောင်တွေကို ဦးစားပေးတိုက်ခိုက်ပါ 

ဆုကြေးနည်းတဲ့ငါးတွေအတွက် ကျည်ဆန်မဖြုန်းပစ်လိုက်ပါနဲ့။ မျောက်တွေ ဒါမှမဟုတ် Alchemy Furnace ဒီပစ်မှတ်တွေ ပေါ်လာရင် သေချာချိန်ပြီးပစ်ပါ။ 

ရှားပါးသတ္တဝါတွေအတွက် Power Bullets သုံးပါ 

လောင်းကြေးပမာဏပိုကုန်ပေမယ့် Undying Monkey ဒါမှမဟုတ် boss creature တစ်ကောင် ပေါ်လာတဲ့အခါ powerful shots တွေသုံးတာက သင့်ရဲ့ ဆုကြေးငွေတွေကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။ 

Bank Shots တွေကို ကျွမ်းကျင်အောင်လေ့ကျင့်ပါ 

ကျည်တွေ ပြန်ကန်ထွက်တတ်တာကြောင့် နံရံတွေကိုထိပြီး ရောက်ဖို့ခက်တဲ့ ငါးတွေကို ပစ်လို့ရတယ်။ ဒီမှာ လေ့ကျင့်မှုက အရေးကြီးတယ်—ပြီးတော့ ကျည်နည်းနည်းနဲ့ ငါးပိုဖမ်းနိုင်လိမ့်မယ်။ 

Auto-Fire လုပ်ပါ 

Screen က ငါးတွေပြည့်နေတဲ့အခါ မြန်မြန်ဆန်ဆန် auto-fire ကို ပြောင်းလိုက်ပါ။ freeze ဒါမှမဟုတ် area bombs လို special effects တွေနဲ့ တွဲသုံးပြီး အံ့ဩစရာဆုကြေးတွေကိုရယူပါ။

ကျည်ဆန်တွေကို ထိန်းချုပ်ပါ 

သင်သုံးနေတဲ့ ကျည်ဆန်အရေအတွက်ကို မှတ်ထားပါ။ ငါးတိုင်းကို ဖမ်းဖို့ကြိုးစားရင်း လွန်သွားအောင် မသုံးမိပါစေနဲ့ — အရေအတွက်ထက် ဆုကြေးတန်ဖိုးကို ဦးစားပေးပါ။ 

သင့်ရဲ့ငါးဖမ်းဂိမ်းအတွေ့အကြုံကို ဘာလို့ Legend of Monkey နဲ့ စသင့်သလဲ 

KA Gaming ရဲ့ Legend of Monkey Fishing Game က ပုံမှန် arcade shooter တစ်ခုထက်ကိုပိုပါတယ်။ တောက်ပတဲ့မြင်ကွင်းတွေ၊ မြန်ဆန်တဲ့လှုပ်ရှားမှုတွေနဲ့ ဆုကြေးငွေတွေအများကြီးပေးတဲ့ ဂိမ်းကစားနည်းတွေနဲ့ ပေါင်းစပ်ထားတဲ့ ဒဏ္ဍာရီဆန်တဲ့ ခရီးတစ်ခုဖြစ်လို့ပါ။ ကျွမ်းကျင်မှု၊ ကံနဲ့ အခုမှငါးဖမ်းဂိမ်းစကစားမယ့်သူအတွက် အဆင်ပြေတဲ့ feature တွေကို မျှတစွာပေါင်းစပ်ထားတာကြောင့် အကောင်းဆုံး ငါးဖမ်းဂိမ်းတွေထဲက တစ်ခုအဖြစ် ရပ်တည်နေတာလဲဖြစ်ပါတယ်။

မတူတာတစ်ခုခု စမ်းကြည့်ချင်တယ်၊ slot reels တွေကနေ ခွာပြီး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်ချင်တယ်ဆိုရင် ဒီဂိမ်းကသင့်အတွက် အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့ အမြောက်သေနတ်ကို အသင့်ပြင်၊ ရှောင်တိမ်းတတ်တဲ့ Undying Monkey ကို စောင့်ကြည့်ရင်း ရေအောက်ကမ္ဘာမှာ အခုပဲစတင်လိုက်ပါ!

Comments
* The email will not be published on the website.