Arcade ဂိမ်းလို Action တွေရယ်၊ စိတ်ကူးယဉ်ဆန်တဲ့ သတ္တဝါတွေရယ်၊ သူငယ်ချင်းတွေနဲ့အတူ ပြိုင်ဆိုင်ကစားရတဲ့ ငါးဖမ်းဂိမ်းမျိုးကို စိတ်ဝင်စားနေတယ်ဆိုရင် Live22 က ထုတ်ထားတဲ့ Monster Awaken Ocean 3 Fishing Game ကိုလည်း ကြိုက်မှာပါ။
ငါးဖမ်းဂိမ်းကို စကစားဖူးတာပဲဖြစ်ဖြစ်၊ ဘာတွေများထူးခြားလို့ လူတွေဒီလောက်ကစားနေတာလဲ ဆိုတာသိချင်လို့ပဲဖြစ်ဖြစ်၊ ဒီရေအောက်မှာ ပစ်ခတ်ရတဲ့ Monster Awaken Ocean 3 ငါးဖမ်းဂိမ်းကတော့ အရောင်အသွေးစုံလင်ပြီး မြန်ဆန်တဲ့ကစားနည်းတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကို ပေးမှာအမှန်ပါပဲ။
ပျော်ဖို့ရော၊ ဗျူဟာကျကျ ကစားဖို့ပါ အစစအရာရာ အဆင်ပြေအောင် ဖန်တီးပေးထားလို့ အခုမှစကစားမယ့်ကစားသမားပဲဖြစ်ဖြစ် အတွေ့အကြုံရှိပြီးသားကစားသမားပဲဖြစ်ဖြစ် အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ ကဲ ဒီရေအောက်စွန့်စားခန်းထဲ မဝင်ခင် အသေးစိတ်လေးတွေ ပြောပြပေးပါမယ်။
II. လှိုင်းတွေအောက်က ခေတ်သစ်တစ်ခု: စိတ်ကူးယဉ်ဆန်တဲ့ ဘီလူးတွေနဲ့ Arcade ပျော်ပွဲရွှင်ပွဲ
Monster Awaken Ocean 3 ကို Ocean King 3: Monster Awaken လို့လည်း ခေါ်ကြတယ်။ ဒီဂိမ်းက သင့်ကို ပုံပြင်ဆန်တဲ့ပင်လယ်နက်ကြီးထဲ ခေါ်သွားလိမ့်မယ်။ အဲဒီမှာ ဒဏ္ဍာရီလာပင်လယ်ဘီလူးတွေ၊ ရတနာတွေအပြည့်ပါတဲ့ ဘောနပ်စ်တွေနဲ့ ရင်တထိတ်ထိတ် Boss တိုက်ပွဲတွေ အများကြီးပဲ။
အာရှဒဏ္ဍာရီတွေကနေ စိတ်ကူးစိတ်သန်းယူပြီး 3D ရုပ်ထွက်အမိုက်စားတွေနဲ့ ဖန်တီးထားတာဆိုတော့ ကစားရတဲ့ခံစားချက်က ရိုးရိုး Coin-pusher ဒါမှမဟုတ် စလော့စက်တွေနဲ့ ဘယ်လိုမှတူမှာမဟုတ်ပါဘူး။ မီးလင်းနေတဲ့ လိပ်ကြီးတွေကအစ Emperor Crab ရဲ့ မိုးခြိမ်းသံလို တိုက်ခိုက်မှုတွေအထိ ဂိမ်းထဲက အစိတ်အပိုင်းတိုင်းက သင့်ကို တကယ်ရေအောက်ရောက်နေသလို ခံစားရစေမှာပါ။ Live22 က ဒီဂိမ်းကိုဖန်တီးရာမှာ ကာစီနိုဂိမ်းထဲကို Action RPG ရဲ့ ခံစားမှုတွေ ပေါင်းစပ်ပြီး ဖန်တီးထားတာလို့ ပြောလို့ရတယ်။ ဒါကြောင့် ပစ်လိုက်တဲ့ကျည်တိုင်းက အရေးကြီးပြီး သင့်ကိုစောင့်မျှော်နေတဲ့ ဆုကြေးတွေနဲ့လည်း ကြုံရမယ်။
III. ဒီဂိမ်းကို ဘယ်သူတွေ ကစားသင့်လဲ?
Live22 က ထုတ်တဲ့ Monster Awaken Ocean 3 က ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲဆိုတော့-
ဒီဂိမ်းကစားဖို့ သင်ကကျွမ်းကျင်တဲ့ကစားသမား ဖြစ်နေဖို့မလိုဘူး။ ကစားနည်းက အရမ်းလွယ်တယ်။ သင့်ရဲ့ Cannon (အမြောက်) နဲ့ ပစ်ချင်တဲ့ ပစ်မှတ်ကို ချိန်ပြီး ပစ်လိုက်ရုံပဲ။ ပစ်တာအောင်မြင်သွားပြီဆိုရင်တော့ ဒင်္ဂါးတွေ တန်းစီပြီးဝင်လာတာကို ကြည့်နေလိုက်တော့။ ဒါပေမဲ့ ဒီဂိမ်းရဲ့ အလှအပက သူ့ရဲ့ နက်နဲတဲ့အပိုင်းမှာရှိတယ်။ အဲ့ဒါကတော့ Boss Monster တွေ၊ Combo Attack တွေနဲ့ Mini-game တွေက ရိုးရိုးငါးဖမ်းတာကို Timing နဲ့ Tactics တွေ စမ်းသပ်ရတဲ့ စိတ်လှုပ်ရှားစရာ ကစားနည်းတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်လို့ပဲဖြစ်ပါတယ်။
IV. ဘာတွေကို ပစ်ရမလဲ?
ဒီဂိမ်းထဲမှာ ပုံမှန်ပင်လယ်သတ္တဝါတွေကနေ ဒဏ္ဍာရီလာ ဘီလူးကြီးတွေအထိ Character ပေါင်း ၂၈ မျိုးကျော် ပါဝင်ပါတယ်။ ပစ်မှတ်တစ်ခုစီမှာ Payout Multiplier (ကိုယ်ပိုင်ဆကြေး) တွေပါပြီး၊ ပစ်ဖို့ခက်ခဲတဲ့ သတ္တဝါတွေဆိုရင် ရရှိမယ့်ဆုကြေးကပိုများမှာပဲဖြစ်ပါတယ်။ ဒီတော့ စိတ်လှုပ်ရှားစရာအကောင်းဆုံး Boss Level ပစ်မှတ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဖမ်းမိရင် ဘယ်လို ဆုကြေးတွေရမလဲ၊ ဘယ်လိုထူးခြားတဲ့ စွမ်းအားတွေပေးမလဲဆိုတာပေါ့
ပြီးတော့ ရိုးရိုးငါးတွေကိုလည်း လျှော့မတွက်နဲ့နော်။ သူတို့က ဆကြေးက အနည်းဆုံး ၂ ဆ ကနေ ၁၀ ဆအထိပဲ ဆိုပေမဲ့ ဖမ်းရလွယ်ပြီး သင့်ရဲ့ကျည်ဆံကို ချွေတာရာမှာ အသုံးဝင်တယ်။
V. ဒီဂိမ်းက ကစားသမားတွေကိုဘယ်လိုဆွဲဆောင်ထားတာလဲ?
Monster Awaken Ocean 3 က ရိုးရိုးပစ်ခတ်နေတာနဲ့ပဲ ပြီးသွားတာမဟုတ်ပါဘူး။ အချိန်ကိုက်မှု၊ နေရာယူပုံနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ရင် ဆုချပေးမယ့် အထူး Feature တွေ အများကြီးထည့်ထားတယ်။ အဲ့ဒါတွေကတော့
Lightning Chain – လျှပ်စစ်ငါးကို ဖမ်းမိရင် Chain Reaction(ဆင့်ကဲပေါက်ကွဲခြင်း)ကို စတင်နိုင်တယ်။ အနီးနားက ငါးအများကြီးကို အလိုအလျောက် ပေါက်ကွဲပြီး ဖမ်းမိသွားလိမ့်မယ်။
Fire Storm – အချိန်အကန့်အသတ်နဲ့ အလျင်အမြန်ပစ်ရမယ့်ပုံစံ ။ သင့်ရဲ့ ဆုကြေးငွေဆ နဲ့ Attack Speed ကို တိုးမြှင့်ပေးပါလိမ့်မယ်။
Vortex Fish – တူညီတဲ့ငါးအားလုံးကို စုပ်ယူပြီး Combo Blast လိုမျိုး အမိုက်စား ပေါက်ကွဲစေတယ်။
Golden Treasures – Roulette လို Bonus Event တစ်ခုက ကစားသမားအားလုံးနဲ့ Share လုပ်ပြီး Mega Reward ကြီးတွေ ရစေနိုင်ပါတယ်။
ဒီလို Mini-game သတ္တဝါလေးတွေလည်း ရှိသေးတယ်-
Laser Crab – ပစ်မှတ်အများအပြားကို ဖြတ်နိုင်တဲ့ Laser Beam လက်နက်ကို ဖွင့်ပေးတယ်။
Super Bomb Crab – ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခုကို ဖြစ်စေတယ်။
Drill Crab – ပေါက်ကွဲတတ်တဲ့ Drill တွေကို လွှတ်ထုတ်ပေးတယ်။
Roulette Crab – အပိုဆုကြေးတွေပါတဲ့ Bonus Roulette Wheel ကို လှည့်ခွင့်ပေးတယ်။
ဒီ Feature တွေက ဂိမ်းကို ပိုနက်နဲစေပြီး အခြေခံကစားနည်းကတော့ နားလည်ရလွယ်နေတုန်းပါပဲ။ တခြား ငါးပစ်ဂိမ်းတွေနဲ့ယှဉ်ရင် အခုလို Feature တွေအများကြီးပါတာက ကစားသမားတွေအတွက် ဆော့ကစားတဲ့အခါ မတူညီတဲ့အတွေ့အကြုံတွေကို ပေးစွမ်းနိုင်နေတာပဲဖြစ်ပါတယ်။
VI. မကစားခင် သိထားသင့်တာတွေ
ပျော်ဖို့ပဲဖြစ်ဖြစ်၊ နိုင်ဖို့ပဲဖြစ်ဖြစ်၊ ဂိမ်းရဲ့ပုံစံကို နားလည်ထားဖို့က အရေးကြီးပါတယ်။ ဘာတွေ ကြိုပြီးသိထားသင့်သလဲဆိုတော့- ကစားသမား ၄ ယောက်ကနေ ၁၀ ယောက်အထိ အတူကစားနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ပြိုင်လို့ရသလို၊ အလယ်ကပစ်မှတ်တွေကို ဘေးကနေစုပေါင်းပြီးဝိုင်းပစ်လို့လည်းရတယ်။
ကစားသူတွေက လောင်းကြေးပမာဏကို ကိုယ်အဆင်ပြေသလို ချိန်ညှိနိုင်တယ်။ ပုံမှန်အားဖြင့်တော့ အနည်းငယ်စီ လောင်းကစားလို့ရပြီး ယုံကြည်မှုရှိလာတာနဲ့အမျှ တိုးပြီးလောင်းလို့ရတယ်။ Level 30 အထိ ရှိပြီး၊ Level မြင့်လေ Risk များလေ၊ ဆုအကြီးစားတွေရလေပါပဲ။
ကာစီနိုတော်တော်များများမှာ အခမဲ့ကစားလို့ရတဲ့ဗားရှင်းတွေ ရှိတယ်။ ဒါကြောင့် အခုမှစကစားတဲ့သူတွေအတွက် စမ်းကစားပြီး ဂိမ်းကိုလေ့လာလို့လည်းရသေးတယ်။ ဒီဂိမ်းက Desktop၊ Android နဲ့ iOS တွေမှာ အကုန်ရနိုင်တာဆိုတော့ ဘယ်နေရာ၊ ဘယ်အချိန်မဆို ငါးဖမ်းလို့ရပြီပေါ့။
VII. ကျည်ဆံတွေကို ရတနာအဖြစ် ပြောင်းလဲဖို့ အကြံပြုချက်တွေ
အခုမှ စကစားမယ့်ကစားသမားတစ်ယောက်ဖြစ်နေရင်တောင် Monster Awaken Ocean 3 Fishing Game ကို ကျွမ်းကျင်လာဖို့ အခုပြောပြပေးတဲ့အချက်အလက်လေးတွေ မှတ်သားထားသင့်ပါတယ်။
7.1 Boss တွေကို အဓိကပစ်မှတ်ထား
ငါးသေးသေးလေးတွေကိုပဲ လိုက်ပစ်မနေနဲ့။ Power-up Event တွေနဲ့ Boss ကြီးတွေပေါ်လာဖို့ စောင့်ပြီး အဲဒါတွေကို အာရုံစိုက်ပစ်။ ရတဲ့ဆုကြေးက ပစ်လိုက်လို့ကုန်သွားတဲ့ကျည်ဆန်တွေနဲ့ယှဉ်ရင် တန်ပါတယ်။
7.2 အထူးလက်နက်တွေကို ချွေတာသုံး
Laser တွေ၊ Bomb တွေ၊ Drill တွေကို ငါးများတဲ့အချိန်၊ ဒါမှမဟုတ် Risk များတဲ့ အခြေအနေတွေမှာ သုံးပါ။ မလိုအပ်ပဲ သုံးနေရင်တော့ အလကားဖြုန်းတီးမိသလို ဖြစ်သွားပါလိမ့်မယ်။
7.3 Multiplayer Room တွေ ဝင်ကစား
သူများတွေနဲ့အတူ ကစားရတာက ပြိုင်ဆိုင်မှုပိုရှိလာပြီး Golden Treasures လို Global Bonus Event တွေမှာလည်း အခွင့်အရေးအတူရနိုင်ပါသေးတယ်။
7.4 ကျည်ဆံကို ချွေတာသုံး
ကျည်ဆံတွေကို ဟိုရမ်းပစ်၊ ဒီရမ်းပစ် မလုပ်ပါနဲ့။ ကျည်ဆံတစ်တောင့်စီတိုင်းက လောင်းကြေးတွေကုန်တယ်ဆိုတာ သတိထားပါ။ ဉာဏ်ရှိရှိသုံးပြီး ထိရောက်ဖို့ကို အာရုံစိုက်ပါ။
7.5 Mini-game တွေကို အခွင့်ကောင်းယူ
Bonus Event တွေပါတဲ့ Crab တွေက ဂိမ်းရဲ့အခြေအနေကို ပြောင်းလဲပေးနိုင်တယ်။ Roulette, Drill ဒါမှမဟုတ် Super Bomb Crab တွေ ပေါ်လာတာနဲ့ လိုက်ဖမ်းဖို့ မမေ့နဲ့။ ရအောင်ဖမ်းပါ။
VIII. အခုမှစကစားမယ့် ကစားသမားတွေအတွက် အကောင်းဆုံးငါးဖမ်းဂိမ်းလား?
Live22 က ထုတ်ထားတဲ့ Monster Awaken Ocean 3 က လက်ရှိရနိုင်တဲ့ ငါးဖမ်းဂိမ်းတွေထဲမှာ စီးမျောစေမှုအကောင်းဆုံးအတွေ့အကြုံတွေထဲက တစ်ခုပါပဲ။ ဘယ်လိုတွေ ကောင်းလဲ၊ ဘာတွေ အားနည်းလဲ ကြည့်ရအောင်။
8.1 ကောင်းတဲ့အချက်တွေကတော့-
8.2 သတိထားရမှာတွေကတော့-
IX. ဒဏ္ဍာရီဆန်တဲ့ ငါးဖမ်းဂိမ်းအတွေ့အကြုံတွေက သင့်ကိုစောင့်ကြိုနေပြီနော်!
မျက်စိပသာဒဖြစ်စေတဲ့ ရုပ်ထွက်တွေ၊ ဒဏ္ဍာရီလာ Boss Monster တွေ၊ ဗျူဟာမြောက် Mini-game တွေနဲ့အတူ စိတ်ကျေနပ်စရာ ကစားနည်းတွေ ပေါင်းစပ်ထားလို့ ဒီဂိမ်းက ဆွဲဆောင်မှုရှိရုံတင်မကဘူး၊ ကစားသမားတိုင်းကို စိတ်လှုပ်ရှားမှုတွေ အဆက်မပြတ်ပေးနေသလိုမျိုး ခံစားရစေမှာပါ။ ဒါက ရိုးရိုးဂိမ်းတစ်ခုထက်ကို ပိုတယ်။
ရတနာတွေအတွက် တိုက်ပွဲဝင်ရမယ့် ဒဏ္ဍာရီလာ ရေအောက်စစ်မြေပြင်တစ်ခုလိုပဲ၊ သင်ပစ်လိုက်တဲ့ ကျည်တိုင်း၊ ချမှတ်လိုက်တဲ့ ဗျူဟာတိုင်းက အခြေအနေကို သင့်ဘက်ကို ပြောင်းလဲပေးနိုင်တယ်။ ဒါကြောင့် အခုမှစကစားမယ့်ကစားသမားတွေအတွက် အကောင်းဆုံး ငါးဖမ်းဂိမ်းကို ရှာနေတယ်ဆိုရင်၊ သင့်ရဲ့အမြောက်ကို ကိုင်ပြီး Monster Awaken Ocean 3 ရဲ့ ရေအောက်ကမ္ဘာထဲကို ဝင်ရောက်လိုက်ပါ!