သင်ငယ်ငယ်တုန်းက သကြားလုံးတွေအရမ်းကြိုက်နှစ်သက်တဲ့သူဖြစ်ခဲ့မှာ သေချာပါတယ်။ ဒါဆို သကြားလုံးတွေ အပြည့်နဲ့တည်ဆောက်ထားတဲ့ ကမ္ဘာကြီးထဲကို သွားဖို့ရော အိပ်မက်မက်ခဲ့ဖူးလား? နေရာတစ်ခု- အဲ့မှာ ရောင်စုံ သကြားလုံးတွေ၊ စုပ်လုံးတွေနဲ့ တခြားသရေစာတွေအပြည့်က သင့်ကို စောင့်နေကြတယ်။ သင့်နာမည်ကို အော်ခေါ်ပြီး သူတို့ကိုစားဖို့ပြောနေကြတယ်။ အဲ့လို ပျော်ရွှင်စရာအချိန်လေးမှာ သကြားလုံးလေးတွေကို စားဖို့ပြင်လိုက်တဲ့အခါ သင့်မိဘတွေရဲ့ ဆူသံကို ကြားလိုက်ရပါ တော့တယ်။ သကြားလုံးတွေ၊ အချိုတွေစားတာက သွားပိုးစားမယ်ဆိုပြီးတော့ပေါ့။ အဲ့ဒီကစလို့ သင့်အိပ်မက်က ပျော်စရာမကောင်းတော့ပါဘူး။