Pragmatic Play - Gold Party 2: After Hours Detail Review

Gold Party slot ဂိမ်းကိုကစားဖူးလို့ ကြိုက်တယ်ဆိုရင် ဒီအပိုင်းဆက်အသစ်ကို ကစားရတာသဘောကျလိမ့်မယ်။ ဒီ Gold Party 2: After Hours က မူရင်းဒီဇိုင်းနဲ့ ကွဲပြားပြီး ညဖက်အပြင်အဆင် ပုံဖော်ထားပါတယ်။ ဒါပေမယ့် အရင်ဒီဇိုင်းထပ်ကိုပိုပေးပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်အသစ်တွေကို ထည့်ပေးထားပါတယ်။ ဒီဂိမ်းအသစ်မှာ မှော်ဆန်ဆန် အငွေ့အသက်တွေ ပိုပြီးတော့ကြီးမားတဲ့ Bonus အချက်အလက်တွေ ၊ အသွင်အပြင်တွေနဲ့ နိုင်ခြေက ပိုပြီးသိသိသာသာတက်လာပါတယ်။  အမြင့်ဆုံးဆုကြေးဆိုရင် ကိုယ့်လောင်းကြေးရဲ့ ဆ ၁၀,၀၀ ထိ အမြင့်ဆုံးရနိုင်တာမလို့ Pragmatic Play ရဲ့ ဒီ Slot ဂိမ်းအသစ်ကိုဆော့ရင် ဘယ်အချိန်မှာ Jackpot ထရမလဲ တမျှော်မျှော်နဲ့ အချိန်ပြည့် စိတ်လှုပ်ရှားနေရမှာပါ။ ရရင်လည်း အချီကြီးပဲလေ။

Gold Party 2: After Hours ဆိုတာ ဘာလဲ။ 

Gold Party Slot ဂိမ်းရဲ့ အပိုင်းဆက် Pragmatic Play က အသစ်ထုတ်ထားတဲ့ ဒီဂိမ်းက ညဖက်သမ်းတဲ့အချိန်မှာ စိတ်ကူးယဉ်ဆန်ဆန် မှော်တောအုပ်ကြီးအသွင်အပြင်နဲ့ လုပ်ထားပြီး ရတဲ့ဆုကြေးတွေကလည်း အဆမတန်မြင့်တာမလို့ စိတ်လှုပ်ရှားစရာရော ၊ စွဲမက်စရာပါကောင်းတဲ့ ကောင်းတစ်ခုဆိုလည်း မမှားပါဘူး။ မူရင်း Gold Party မှာ လူတွေကြိုက်နှစ်သက်သမျှ အကုန်ပေါင်းပြီး အရင်ထပ်ပိုများတဲ့ Features တွေ Jackpot တွေ ပိုများအောင်နဲ့ အနိုင်ရနိုင်ချေ ပိုများအောင် မွမ်းမံထားတဲ့ ဂိမ်းအသစ်ပါ။ 

တောက်ပနေတဲ့ မှော်ဆန်ဆန် တောအုပ်ပုံစံနောက်ခံကြောင့် လူတွေပိုစွဲမက်စေပြီး အလျား ၃ ကွက် အနံ ၃ လိုင်း ရှိတဲ့ layout ပေါ်မှာ payline ၂၅ ခုတောင်ရှိတာမလို့ ရတာလွယ်ပါတယ်။ အဲ့တာမျိုး ၄ကွက်တောင်ထားပေးထားပြီး တစ်ကွက်စီမှာ သီသန့်ရတာမလို့ အနိုင်တွေကလည်း တစ်ခါကျတာနဲ့ အများကြီးဖြစ်နေတာပေါ့။ ပြန်လှည့်ခွင့် (Respin) တွေ ၊ အဆင့်မြင့်စေတဲ့ အမှတ်အသားတွေ ၊ အများဆုံး ထိုးကြေးရဲ့ ဆ ၁၀,၀၀၀ ထိ ရနိုင်တဲ့ Wild တွေလည်း ပါပါတယ်။ ဘာမှရှုပ်ထွေးတဲ့ လိုက်ညှိစရာတွေ ၊ ညီစရာတွေမလိုဘဲ အနိုင်ရတာကို တိတိကျကျမြင်ရမှာမလို့ ခေါင်းရှုပ်ခံစရာလည်း မရှိတဲ့ဂိမ်းပါ။ ဖုန်းပေါ်မှာ မြင်ရတဲ့ပမာဏက အနိုင်ရရှိတဲ့ငွေပဲဖြစ်နေမှာပါ။ 

ခိုင်ခိုင်မာမာ လွယ်လွယ်ကူကူနဲ့ ဘာမှရှုပ်ထွေးတာမပါတာ လိုချင်တယ် ၊ အပေးလည်းကြမ်းပြီး ဆော့ရတဲ့ မြင်ကွင်းလေးလည်း လှချင်တယ်ဆိုရင် Gold Party 2: After Hours မှာ လာကစားသင့်ပါတယ်။ ဒီဂိမ်းက ကစားရမခက်ပေမယ့် ပါဝင်တဲ့ အချက်အလက်တွေကိုတော့ အသေးစိတ်သိထားရတာ ပိုမကောင်းဘူးလား။ ကိုယ့်ရဲ့အနိုင်တွေကို အကောင်းဆုံးထိ ယူဆောင်သွားချင်တယ်ဆိုရင် အောက်မှာသေချာလေ့လာလိုက်ပါ။

Pragmatic Play - Gold Party 2: After Hours အသေးစိတ် အချက်အလက်များ 

ထုတ်လုပ်သူ - Pragmatic Play 

နာမည် - Gold Party 2: After Hours 

အကွက် - အလျား ၅ ကွက် × အနံ ၃ လိုင်း + Bonus အကွက် ၄ ကွက် 

ပေးလိုင်း - ၂၅ 

ကစားသမားပြန်ပေး RTP - ၉၆% 

အတက်အကျ - အလယ်အလတ် မြင့်သည် 

အများဆုံးနိုင်ကြေး - ထိုးကြေးရဲ့ ဆ ၁၀,၀၀၀ 

Bonus အသွင်အပြင် - ပြန်လှည့်ခွင့် ၊ ရွှေအိုးကြီး ၊ ဆတိုး Wild ၊ အဆင့်မြှင့်ပေးတဲ့ အမှတ်အသားများ 

ထုတ်လုပ်သည့်ရက်စွဲ - ဇွန်လ ၊ ၂၀၂၄ ခုနှစ် 

ကစားလို့ရသည့်နေရာများ - ဖုန်း ၊ ကွန်ပြူတာ

ဂိမ်းအပေါ် ပထမဆုံးအမြင် : မှော်ဆန်တဲ့ အငွေ့အသက်များနဲ့ ကြီးကြီးမားမား စွမ်းအင် 

အသွင်အပြင်နဲ့တင် ဒီဂိမ်းကနေ မထွက်ချင်လောက်အောင်ကို သဘောကျနေစေရမယ်။ လရောင်အောက်က မှော်တောအုပ်ပုံစံ လုပ်ထားတော့ စွဲဆောင်မှုကတော့အပြည့်ပဲပေါ့။ ဒီ Pragmatic Play Slot Game က ထုတ်ထားတဲ့ Gold Party 2: After Hours မှာဆော့ရင် တောအုပ်ထဲကို ခလုတ်တိုက်ပြီးဝင်သွားမိတဲ့ ခံစားချက်ရသကို အပြည့်အဝရစေရမယ်။ အချက်တိုင်း ၊ အလှည့်တိုင်းမှာ မျက်နှာပြင်တစ်ခုလုံးက တောက်ပသွားပြီး နားထောင်ကောင်းပါတယ်ဆိုတဲ့သားချော့တေးလို တေးသံသာလေးကိုလည်း ကြားနေရမယ့်အပြင် ရွှေဒင်္ဂါးပြားတွေကလည်း ပြန့်ကြဲနေမှာမလို့ ဂိမ်းတစ်ခုလုံးကိုက စိတ်ဝင်စားဖို့ကောင်းနေမှာပါ။ အနိုင်ဆိုလည်း သိသိသာသာကိုမြင်နေရမှာပေါ့။ 

ဒါပေမယ့် အမြင်တစ်ခုနဲ့ပဲ ဆွဲဆောင်နေတဲ့ဂိမ်းမဟုတ်ဘူးနော်။ Bonus အလှည့်ကျတဲ့အချိန်မှာဆို ရုပ်တည်ပြီးတော့ကို ကြည့်နေရမှာ။ ဆက်တိုက်ကို ကျလာပြီးရရင် အချီကြီးလေ။ အခုမှစဆော့မယ့် ကစားသမားတောင်မှ အနိုင်တွေကို သေချာခွဲတတ်မှာမလို့ ဒီ Pragmatic Play Slot Game က ထုတ်ထားတဲ့ Gold Party 2: After Hours က တကယ်ညွှန်းပေးသင့်တဲ့ Slot ဂိမ်းထဲမှာ နံပါတ် (၁) ပါပဲ။ 

အဓိကအချက်အလက်များ - မှော်ဆန်ဆန် အကွက်တွေ စတင်ရာနေရာ 

အခြား Slot ဂိမ်းတွေလိုပဲ ဒီ Gold Party 2: After Hours မှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်တွေ အများကြီးပါဝင်ပါတယ်။ ဒါကြောင့်မလို့ ဒီဂိမ်းမှာ အကောင်းမွန်ဆုံးအနိုင်တွေလိုချင်တယ်ဆိုရင် ဒီအချက်အလက်တွေကို မမေ့စေနဲ့နော်။

Money Respin Bonus (ပိုက်ဆံပုံစံ ပြန်လှည့်ခွင့် Bonus) 

ဒီဂိမ်းရဲ့အထူးခြားဆုံး အသွင်အပြင် အချက်အလက်အနေနဲ့ကတော့ ဒီပိုက်ဆံပုံစံ ပြန်လှည့်ခွင့်ကို ၆ခုနဲ့ အထက်လိုအပ်ပါတယ်။ ဒါကိုရလိုက်ပြီဆိုတာနဲ့ သီးခြားလည်ပတ်နိုင်တဲ့ Bonus ကိုလည်း လည်စေပြီး Jackpot စက် (၄) ခုကို တစ်ချိန်တည်းမှာလှည့်နေရသလိုဖြစ်ပါတယ်။ မျက်နှာပြင်တစ်ခုလုံးမှာ ဖြည့်နိုင်တယ်ဆိုရင်တော့ အပေါ်က ဆုကြေးကြီး Super Pot ကို ရနိုင်မှာပါ။ ရှုပ်လည်းမရှုပ်ပေမယ့် စိတ်လည်းဝင်စားရတဲ့ အနိုင်ရရှိမှူလိုမျိုးဆိုတော့ တကယ်ကောင်းတဲ့ slot ဂိမ်းပါ။

Super Pot မှ ဆုကြေးများ 

Reel တစ်ခုစီရနေပြီတော့ ဆုကြေးအသီးသီးရနိုင်ပါတယ်။ Mini Jackpot (အသေးစား Jackpot) ကနေ လောင်းကြေးရဲ့ ဆ ၂၀ ၊ Minor Jackpot (အလယ်အလတ် Jackpot) ကနေ လောင်းကြေးရဲ့ ဆ ၅၀ ၊ Major Jackpot (Jackpot ကြီး) က လောင်းကြေးရဲ့ ဆ ၂၀၀ နဲ့ အကြမ်းဆုံး Grand Jackpot က လောင်းကြေးရဲ့ ဆ ၅၀၀၀ ထိတောင် ရနိုင်မှာပါ။ များများစားစား ကံကောင်းနိုင်ဖို့ reels များများစားစားပေးထားပြီး ကံကောင်းရင် အမြင့်ဆုံး လောင်းကြေးရဲ့ ဆ ၁၀,၀၀၀ ထိ အနိုင်ရရှိနိုင်ချေ ရှိပါတယ်။ 

အဆင့်မြင့်ပေးတဲ့ အမှတ်အသားများနဲ့ ဆတိုးများ 

ပိုက်ဆံ ပြန်လှည့်ခွင့်ရတဲ့ Bonus အချိန်တွေမှာဆိုရင် Upgrade တင်ပေးတဲ့ အမှတ်အသားတွေကို ရှာသင့်ပါတယ်။  ဒီအမှတ်အသားက ရှိပြီးသား တန်ဖိုးနည်းနေတဲ့ အကွက်တွေကို တန်ဖိုးမြှင့်ပေးပြီး ရှိပြီးသား အနိုင်ရရှိမှုတွေကို ပိုဆတိုးအောင် ထည့်ပေးနိုင်ပါတယ် ၊ အပိုဆုကြေးရဖို့ အကွက်တွေကိုပါ ဖွင့်ပေးပါတယ်။ ဒါ့ကြောင့်ပုံမှန်အလှည့်မှာ ရထားတဲ့ပမာဏကနေပြီးတော့ ရုတ်တရက်ကြီး ပြောင်းလဲပေးနိုင်ပါတယ်။ အမြဲစောင့်ကြည့်နေသင့်တယ်။

အမှတ်အသားများနဲ့ ဆုကြေးများ 

Gold Party 2: After Hours မှာ အမှတ်အသားတွေကလည်း ရိုးရှင်းသလို ပေးတဲ့ဆုကြေးကလည်း နားလည်ရတာလွယ်ပါတယ်။ Wild တွေကလည်း ပုံမှန်လှည့်နေတဲ့အချိန်တွေမီာကို ပါလာတတ်ပြီး ဆုကြေးတွေကို အလုံအလောက်တက်သွားအောင် ပေါ်လာတတ်ပြီး Bonus အလှည့်တွေမှာတင်မဟုတ်ပါဘူး။ 

အချိန်မရွေးပေါ်လာနိုင်တာပါ။ ဒါကြောင့်မလို့ အောက်အှာ အမှတ်အသားတွေက ဘယ်လိုပေးလဲဆိုတာ သေသေချာချာ လေ့လာကြည့်လိုက်ရအောင်။ နတ်သမီးလေးက လောင်းကြေးရဲ့ ဆ၂၀ ပေးတဲ့အချိန် ၊ Unicorn က ၁၆ ဆ ၊ မှိုက ၁၂ ဆ ၊ ၄ပွင့် clover က ၆ဆ နဲ့ ကတ်တွေကိုတော့ လောင်းကြေးရဲ့ ၂ ဆ ကနေ ၄ ဆ အတွင်းပေးပါတယ်။ 

Wild အမှတ်အသားတွေကတော့ အခြားအမှတ်အသားတွေကို အစားထိုးနိုင်ပြီး ပိုက်ဆံပုံစံကတော့ Bonus အလှည့်တွေရနိုင်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဂိမ်းဒီဇိုင်းကြောင့်ပဲမဟုတ်ဘဲ အပေးကြမ်းပါတယ်ဆိုတဲ့ Bonus အလှည့်တွေ ၊ ဆုကြေးတွေကြောင့် ပိုပြီးစိတ်ဝင်စားမှု မြင့်တက်ပြီး ကြီးမားတဲ့ Bonus တွေနဲ့ အနိုင်တွေကို အသားလေးရယူနိုင်တာပေါ့။

အနိမ့်အမြင့် အတက်အကျ ပုံမှန်ဆိုတော့ အနေတော် 

ဒီဂိမ်းကို ဘာလို့စိတ်ဝင်စားနေကြလဲဆိုတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Mini Win တွေ မကြာခဏပေါ်လာတယ် ၊ ပြန်လှည့်ခွင့်ရတဲ့အချိန်မှာ နိုင်ခြေပိုမြင့်လာတာရယ် ၊ အခြားဂိမ်းတွေထပ်စာရင် Bonus အလှည့်တွေက မြန်မြန်ဆန်ဆန် စတင်နိုင်တာတွေကြောင့်ပါ။ 

ဒီ Pragmatic Play ကထုတ်ထားတဲ့ Gold Party 2: After Hours က သင့်တော်တဲ့ စွန့်စားမှုနဲ့ ပြန်ရမှုကြား ထားပေးထားတာပါ။ အလယ်အလတ်မှာပဲ ရှိနေတာမလို့ ပုံမှန်လေးရ ၊ ပုံမှန်လေးရင်ခုန်နေရမယ့် ဂိမ်းဆိုရင်လည်း မမှားပါဘူး။ တစ်ခါတစ်လေမှာတော့ ခြောက်ကပ်တဲ့အချိန်ဆိုတာ ရှိပေမယ့် အမြဲတမ်းကြီး ပိတ်မိနေတာပဲမဖြစ်အောင်လည်း မျှမျှတတထားပေးထားတဲ့ဂိမ်းပါ။ 

ဖုန်းနဲ့အဆင်ပြေပြေ ကစားလို့ရတယ် 

ညနေ အလုပ်ကအပြန် ဘက်စ်ကစားပေါ်မှာ အေးဆေးကစားချင်လည်း ရတယ် ၊ အလုပ်မှာ နေ့ခင်းနေ့လည် ထမင်းစားချိန် ခိုးဆော့နေလို့ပဲ ဖြစ်ပါစေ ၊ ကြိုက်တဲ့အချိန် ဖုန်းပေါ်မှာ အေးဆေးဆော့နိုင်အောင် ပြုလုပ်ပေးထားတဲ့ဂိမ်းလေးပါ။ ဒါကြောင့်မလို့ ထစ်နေမှာကိုလည်း စိတ်ပူနေစရာမလိုဘူးနော်။ ရိုးရှင်းတဲ့ ထိန်းချုပ်မှုတွေနဲ့ လွယ်လွယ်ကူကူ စတင်လို့ရအောင်ဖန်တီးပေးထားတာမလို့ ချက်ချင်းစ ချက်ချင်းကစားလို့ရပါတယ်။ 

မျက်နှာပြင်သေးနေရင်တောင် ရှင်းလင်းတဲ့မြင်ကွင်းကိုပေးနိုင်တာမလို့ စိတ်ကြိုက်ကစားလို့ရတယ်နော်။ ဖုန်းတစ်လုံးကိုပဲ အားကိုးပြီးကစားနေတဲ့မြန်မာကစားသမားတွေအတွက် သီးသန့်ကြီးလုပ်ပေးထားသလိုကို ကောင်းမွန်နေတာမလို့ ဆော့လိုက်ရင် သဘောကျနေစေရမယ်။ 

Gold Party 2: After Hours ကို ဘယ်လိုကစားမလဲ။ 

Pragmatic Play က ဒီဂိမ်းကို လွယ်လွယ်ကူကူနဲ့ ကစားနိုင်အောင် ဖန်တီးပေးထားတာပါ။ ဒါကြောင့်မလို့လည်း အဆင့်တွေက အများကြီးရှိမနေဘူးလေ။ Gold Party 2: After Hours ကို ကစားတဲ့အခါ သိသင့်တဲ့အချက်တွေကိုတော့ ပြောပြပေးလိုက်ပါတယ်။

၁.လောင်းကြေးကို စိတ်ကြိုက်သတ်မှတ်ပါ။ 

၂.တစ်ကြိမ်ချင်းစီလှည့်လည်းရသလို Auto play နဲ့ ဆက်တိုက်လှည့်လည်း ရပါတယ်။ 

၃.Respin (ပြန်လှည့်ခွင့်) Bonus ရဖို့အတွက် ပိုက်ဆံပုံစံ (၆)ခုကို စောင့်ကြည့်ပါ။ 

၄.Bonus အချိန်တွေမှာ Jackpot တွေရဖို့ မျက်နှာပြင်မှာ ပြည့်ဖို့လိုက်ကြည့်နေပါ။ 

၅.Upgrade နဲ့ Super Pot တွေဖြစ်ရင် ပမာဏကိုချက်ချင်းပြောင်းသွားစေမှာပါ။ 

၆.ရမယ့်အနိုင်တွေကို အေးဆေးထိုင်စားနေလိုက်ပါ။

ဘယ်သူတွေ Gold Party 2:After Hours ကို ကစားသင့်လဲ။ 

Big Bazz Bonanza တို့ Power of Thor တို့လိုဂိမ်းမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီဂိမ်းက ကွက်တိ သင့်အတွက်ဖြစ်နေမှာပါ။ ဒါပေမယ့် ဒီဂိမ်းမှာလည်း သူ့ကိုယ့်ပိုင် မှော်ဆန်ဆန် အသွင်အပြင်နဲ့ တောအုပ်ပုံစံကြီးလုပ်ထားပြီး ရှုပ်ထွေးမှုမရှိလို့ စိတ်အေးအေးနဲ့ အနိုင်ထိုင်ယူလို့ရတဲ့ဂိမ်းမျိုးပါ။ ဒီ Pragmatic Play Slot Game က Bonus များပြားတာ ကြိုက်တဲ့သူတွေ ၊ Jackpot တွေ တိုးတိုးလာတာတွေ ဒါမှမဟုတ် ပြန်လှည့်ခွင့်တွေနဲ့ စိတ်လှုပ်ရှားမှုတွေကို လိုချင်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားပေးတဲ့ဂိမ်ပါ။ 

သုံးသပ်ချက် 

ဆက်တိုက်မရပ်ဘဲ တစ်နေ့လုံး ၊ တစ်ညလုံးသွားနိုင် ၊ ကစားနိုင်တဲ့ Slot ဂိမ်းကိုရှာနေတယ်ဆိုရင် Gold Party 2: After Hours စီမှာရှိချင်နေကြတာပါ။ ဆွဲဆောင်မှုကြည့်တယ် ၊ လှည့်ကွက်များများ ၊ အပေးများများနဲ့ ပြန်လှည့်ခွင့်ကြမ်းပါတယ်ဆိုတဲ့ ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ Jackpot တွေ ၊ အဆင့်မြှင့်တင်နည်းတွေ ၊ Bonus ၄တန်းလုံးလည်တာတွေကြောင့် အချိန်မရွေး ရှယ်ကြီးတွေရတော့မလိုပေါ့။ Pragmatic Play လိုမျိုး ကွာလတီဆိုတော့လည်း ပြောစရာမရှိ လူအကုန်သိ ဖြစ်ပြီးသားလေ။ Slot ဂိမ်းအတွက် တောင့်တသမျှတွေအကုန် ဒီဂိမ်းမှာ ရှိတယ်နော်။ ဒါကအရင်ဂိမ်းရဲ့ နောက်တစ်ပိုင်းပဲ မဟုတ်ဘူး ၊ အသစ်တွေနဲ့ ဆန်းသစ်တဲ့ဂိမ်းပဲ။ မြန်မာလူမျိုးတွေလို ပိုက်ဆံနဲ့ မျက်လှည့်ဆန်ဆန် ပြကွက်တွေကြိုက်တဲ့သူတွေအတွက် ဒီဂိမ်းက အံဝင်ခွင်ကျ ဖြစ်နေမှာပါ။